ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  ကျင်းပ

ဒလ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိန်းလန်းသာယာစိုပြည်ရေးအတွက် ၂၀၂၆ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက သပြေကုန်းကျေးရွာအုပ်စု၊ ဒလ-ဓနုတ်ကားလမ်းဘေးဝဲ/ယာ မိုင်တိုင်အမှတ်၊(၁/၆-၁/၇) အကြား၌ ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်းအင်အား(၂၅၀)ဦးဖြင့် မန်ဂျန်ရှားပင် (၆၀၀)၊ ခရေပင် (၁၀၀)၊ ကံ့ကော်ပင် (၁၀၀)၊ ငုရွှေဝါပင် (၁၀၀) နှင့် ကုက္ကိုလ်ပင် (၁၀၀)  စုစုပေါင်း အပင်(၁၀၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)