စလင်း ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာရှိ ရပ်ရွာလူထုအတွက် လူသားချင်းစာနာမှုအစီအစဥ်ဖြင့် ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စလင်း မြို့ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖောင်းလင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး အတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားစလင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်ကြူမာလွင်ဦဆောင်၍ ကညှပ်ကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ အသင်းဝင်များဖြင့် ပူးပေါင်းကာ ဖောင်းလင်းကျေးရွာမှ အိမ်ထောင်စုများအား မိသားစု တစ်ကိုယ်ရေသုံးပစ္စည်း ထောက်ပံ့ပေးအပ်ခြင်းကို ကြက်ခြေနီအသင်း တာဝန်ရှိ သူများက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဖောင်းလင်းကျေးရွာ ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှု အစီအစဥ်ဖြင့် ထောက်ပံ့ပေးအပ်မှုအဖြစ် အိမ်ထောင်စု (၄၀) အိမ်ထောင်စုအား ဆေးခြင်ထောင်၊ တာပေါ်လင်တစ်ချပ်၊ စောင်နှင့် အမျိုးသမီးအသုံးအဆောင်၊ အမျိုးသားအသုံးအဆောင်များအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တာဝန်ရှိသူများကိုယ်စား စလင်းမြို့ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်ကြူမာလွင်နှင့်ဖောင်းလင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်အေးတို့မှ ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄၀) အိမ်ထောင်စုတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း