ဂန့်ဂေါ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်းတွင် အသက်(၅)နှစ်မှ(၇)နှစ်ထိ ကျောင်းသား/ ကျောင်းသူများနှင့် အသက်(၉)နှစ်မှ (၁၀)နှစ်ထိ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဂန့်ဂေါခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင်၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် အခြေခံပညာမူလတန်းကျောင်း(တပ်တွင်း)၊ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကျောတိုက်)၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ပြစ်မ)နှင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းများတွင် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး(DT)ကို အသက်(၅)နှစ်မှ(၇)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ(၃၉၆)ဦးကိုလည်းကောင်း၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ဆေးကို အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ ကျောင်းသူ(၁၄၁)ဦးကိုလည်းကောင်း၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၅၃၇)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံရာသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ ဂန့်ဂေါမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာများကကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)