ဟင်္သာတ ဒီဇင်ဘာ ၆
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုကျင်းပလျက်ရှိရာ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းကို ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွန်းလာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်ချက်များဖြင့် ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားရုံတွင် နိုဝင်ဘာ (၁၁) ရက်နေ့မှ စတင်၍ ဒီဇင်ဘာ (၆) ရက်နေ့အထိ အသင်းအုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦးနှင့် ကစားသမား (၁၄) ဦးတို့ ဖွဲ့စည်းကာ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ကျင်းပလျက်ရှိသည့် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)