သတင်းများ

ပဲခူးမြို့တွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ
Dec 08,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ(ပထမအပတ်) စုပေါင်းလူထုလမ်း လျှောက်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ဖြင့်ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုနှင့် မဟာမြိုင်တောရ ဘုန်းတော်ကြီးကျောင်းတွင် သန်းရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
Dec 08,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ ကွင်းအမှတ် ၁၈၂၈ တောင်သူ ဦးထွန်းဝေ၏ လယ်ယာမြေတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာထွန်စက် နောက်ဆွဲအစေ့ချကိရိယာဖြင့် နေကြာစိုက်ပျိုးမှု၊ ပိုးသက်ဆေးဖျန်းစက်ဖြင့် ပိုးသက်ဆေးဖျန်းသရုပ်ပြမှု၊ ရိုးဖြတ်စက်ဖြင့် ရိုးဖြတ်သရုပ်ပြမှု၊ မြေဩဇာပက်ဖျန်းစက်ဖြင့် မြေဩဇာပက်ဖျန်း သရုပ်ပြမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာ၊ စစ်စလီတုံး ကျေးရွာ၊ မရမ်းကျေးရွာများရှိ  အုပ်ချုပ်ရေးမှူးရုံးများတွင် ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။
လယ်ဝေးမြို့၊ သမိုင်းဝင်ဖောင်တော်ချက်မဘုရားတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လာရောက်ကြည့်ရှုအားပေး
Dec 08,2024
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ သမိုင်းဝင်ဖောင်​​တော်ချက်မဘုရားကြီးရင်ပြင်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။
မက်မန်းမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်ခန့်မှစ၍ ခရိုင်ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးရှေ့မှ မက်မန်းမြို့အဝင် We Love Matman ရှုခင်းသာဆိုင်းဘုတ်အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ရေတာရှည်မြို့နယ်၌ ဓါတ်မြေသြဇာကြဲပက်စက်ဖြင့် ဓါတ်မြေသြဇာ ကြဲပက်ခြင်းသရုပ်ပြပွဲပြုလုပ်
Dec 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၈)စက်မှုလယ်ယာစခန်းမှ ဓါတ်မြေသြဇာကြဲပက်စက်ဖြင့် ဓါတ်မြေသြဇာကြဲပက်ခြင်းသရုပ်ပြပွဲကို ယမန်နေ့​နေ့လယ်(၂)နာရီအချိန်က ဘိုးတော်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၆၅၆)တောင်သူ ဦးဆန်းမင်းထွန်းပိုင် လယ်မြေဧက(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
 ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) လှည်းကူးမြို့နယ်၌ ကျင်းပ
Dec 08,2024
ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ အားကစားလ (ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။