မက်မန်းမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မက်မန်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်ခန့်မှစ၍ ခရိုင်ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးရှေ့မှ မက်မန်းမြို့အဝင် We Love Matman ရှုခင်းသာဆိုင်းဘုတ်အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်ပွဲတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ မက်မန်းမြို့ပေါ်ရှိ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်သည် စုပေါင်းလမ်းလျှောက်ပွဲဆင်းနွှဲခဲ့ကြပြီး We Love Matman ရှုခင်းသာဆိုင်းဘုတ်ရှေ့တွင် စုပေါင်း၍ အားကစားလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဇေယျာထွန်း (ခရိုင်၊ပြန်/ဆက်)