မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာ၊ စစ်စလီတုံး ကျေးရွာ၊ မရမ်းကျေးရွာများရှိ  အုပ်ချုပ်ရေးမှူးရုံးများတွင် ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဝန်ကြီးဌာန မော်လမြိုင်ကျွန်းမြို့နယ်ရုံး ဦးစီးအရာရှိ ဦးစောဝဏ္ဏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများက မြေပြင်အရောက်ကွင်းဆင်း၍ အိမ်ထောင်လူဦးရေစာရင်း မရှိသေးသူများ၊ နိုင်ငံသာစိစစ်ရေးကတ်ပြား မရှိသေးသူများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံစိစစ်ကတ် နံပါတ်များဖြည့်သွင်းခြင်းနှင့် အိမ်ထောင်စုလူဦးရေးစာရင်း (၆၆) ပုံစံ စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့ချင်းအပြီး (အခမဲ့)  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)