ပဲခူးမြို့တွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ပဲခူး ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ(ပထမအပတ်) စုပေါင်းလူထုလမ်း လျှောက်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဒီဇင်ဘာလ(ပထမအပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီး အမှတ်(အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း၊ ကျောက်တွင်းကုန်း လမ်းဆုံမှ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်း ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစားကွင်းအထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးခင်မောင်တင့်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်မှဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းလမ်းလျှောက်ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲအား အပတ်စဥ်စနေနေ့တိုင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)၏