သတင်းများ

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် လက်ဝှေ့ပြိုင်ပွဲ ဒုတိယ‌နေ့ဆက်လက်ကျင်းပ
Dec 08,2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ဝဏ္ဏသိဒ္ဒိ အားကစားကွင်းအတွင်းရှိ လက်ဝှေ့ရုံ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက လက်ဝှေ့ရုံ၌ ဒုတိယနေ့လက် ဝှေ့ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
‌မော်လမြိုင်မြို့၌ မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းနား ကျင်းပ
Dec 08,2024
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည့် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ယမန်နေ့နံနက်ပိုင်းက ခရိုင်မီးသတ် ဦးစီးမှူးရုံးတွင်ကျင်းပခဲ့ရာ ခရိုင်အတွင်းရှိ သင်တန်းသား(၁၆)ဦး တက်ရောက်ခဲ့ကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် သီရိမင်္ဂလာ တောင်ကွဲစေတီတော် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 08,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်ကွဲစေတီတော် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးဆောင်ရွက်နေမှု၊ ကတ္တရာကွန်ကရစ် (AC)ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘီလူးချောင်းရေဝင်ရောက်ခဲ့မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကျန်ရှိနေသည့် ရေများစုပ်ထုတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာ အ.ထ.က ( သပေါ့ကန်)တွင် လူငယ်စကားဝိုင်းကျင်းပ
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာ အ.ထ.က-(သပေါ့ကန်)တွင် ယမန်နေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျုံပျော်မြို့နယ်၊ အင်းရဲ အထကတွင်  တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းများ ဆောင်ရွက်
Dec 08,2024
ပြည်သူများ၊  ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းမကျေရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ
Dec 08,2024
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦး တစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ ပထမပတ် စုပေါင်းလူထု လမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာတွင် မိုးစပါးစံကွက်ရိတ် တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိ
Dec 08,2024
ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းနှစ်သောင်းခုနှစ်ထောင်ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၀၅၃ ကွက်ကို ရိတ်သိမ်းသွားမည်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်မြေစာရင်းဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ထီလုံအလယ်ကွင်းရှိ တောင်သူ ဦးရာမူး၏ မိုးစပါးဆင်းသုခစိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။