မင်းလှမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပ
Dec 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂) ရပ် ကွက်၊ မြို့မစာသင်တိုက်၌ မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့နေ့လယ် ၁၂ နာရီချိန်က အဘိဓမ္မာ(ရိုးရိုး) ဒုတိယဆင့်နှင့်အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဒုတိယဆင့် စာမေးပွဲကို ဆက်လက်ဖြေဆိုကျင်းပလျက်ရှိသည်။