သတင်းများ

ရေတာရှည်မြို့နယ်၌ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးခြင်းများ ဆောင်ရွက်
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က အမှတ် ၆ ရပ်ကွက်အတွင်းနေအိမ်များ၌ ဆောင်ရွက်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် ရွှေပြည့်ရှင်ကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ   
Feb 14,2024
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်​နေ့က မင်းလှအုပ်စု၊ မ​ကြီးကိုကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့်ဆွေးနွေးပွဲပြုလုပ်
Feb 14,2024
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့်ဆွေးနွေးပွဲကို ပဲခူးမြို့ သီရိဟံသာခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Feb 14,2024
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင်တွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများစားအုန်းဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ စားအုန်းဆီတင်သွင်းရောင်းချသော ကုမ္ပဏီများနှင့် ချိတ်ဆက်၍ဝယ်ယူပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၊ဌာနဆိုင်ရာဝန်ထမ်းများအား နေ့ရက်အလိုက် သတ်မှတ်ပြီး ရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက်(၁၀)နာတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ ကူမဲ၊ ပလိပ်မြို့နယ်များတွင် ရည်ညွှန်းဈေး တစ်ပိဿာငွေ(၅၂၇၅)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ငွေ(၅၇၁၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Feb 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။