ဟိုပုံးမြို့၌ ဟိုပုံးတပ်နယ် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 08,2024
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူ လူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဟိုပုံးတပ်နယ်တွင် ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းရှေ့မှစတင်၍ ဟိုပုံး-လွိုင်လင်သွားပြည်ထောင်စုလမ်းမကြီးအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။