သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Dec 07,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာ‌ကောက်ရပ်ကွက်၊ အုန်းတောပရိယတ္တိစာသင်တိုက်နှင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ နန်းဦးကျောင်းတိုက်တို့တွင် ၂၀၂၄ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ပထမအဆင့် အဘိမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူး)၊ ဝိသုဒ္ဓိမဂ်ဘာသာရပ်တို့အား ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
သထုံမြို့နယ်၌ ဆောင်းသီးနှံပဲတီစိမ်း စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်
Dec 07,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ဆောင်းသီးနှံပဲတီစိမ်း စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲနှင့် ပဲမျိုးစုံအထွက်တိုး‌ရေးအတွက် ရွက်ဖျန်းအဖြစ်အသုံးပြုနိုင်သည့် ယူရီးယားနှင့်လက်ချားထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်က သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ကွင်းအမှတ်(၅၈၅) ဦးပိုင်အမှတ်(၁၁/၁) တောင်သူ ဦးသန်းနိုင်ဦး၏ စံပြလယ်ယာမြေ၌ ကျင်းပပြုလုပ်သည်။
အိမ်မဲမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့  နေ့လည်ပိုင်းက  (အ.မ.က) မူလွန် ဆိတ်ချေးကုန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Dec 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  ဒေသခံ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒေသအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။
နမ့်စန်တွင် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အလယ်တန်းဆင့်(Grade-9) သင်ယူပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အလယ်တန်းဆင့်(Grade-9) သင်ယူပြီးမြောက်ခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လဲချားမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ
Dec 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြိုတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် (၁၆)ရက်တာလုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၄) ရပ်ကွက်ရှိ ဖူဆယ်ကွင်းခန်းမတွင် ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်
Dec 07,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ပွဲကို ရပ်ကွက်ကြီး(၄)ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ
Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကိုယူကြမည့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန်စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။