ရေတာရှည် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၈)စက်မှုလယ်ယာစခန်းမှ ဓါတ်မြေသြဇာကြဲပက်စက်ဖြင့် ဓါတ်မြေသြဇာကြဲပက်ခြင်းသရုပ်ပြပွဲကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ဘိုးတော်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၆၅၆)တောင်သူ ဦးဆန်းမင်းထွန်းပိုင် လယ်မြေဧက(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Self Propelled Fertilizer Spreaderစက်ကိုအသုံးပြုခြင်းဖြင့် ပေါင်းသတ်ဆေးများ သုံးစွဲမှုလျှော့ချရန်၊ အရည်အသွေးမြင့်ပြီး အထွက်နှုန်းတိုးတက်စေရန်၊ ငွေ၊ အချိန်နှင့် လူလုပ်အားသက်သာစေရန်၊ မိရိုးဖလာလက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းနိုင်စေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပြီး အသစ်အဆန်းစက် ကိရိယာများဖြစ်ခြင်း၊ တစ်ဧကကို တစ်ခဏအတွင်း လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် တောင်သူများနှစ်သက်ကြပြီး Self Propelled Fertilizer Spreader စက်သည် မြေသြဇာကြဲပက်ခြင်းအပြင် မျိုးစေ့များ ကြဲပက်ခြင်းလုပ်ငန်းတွင် ပါအသုံးပြုနိုင်ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)