ကလောမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

ကလော  ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲကစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

စုပေါင်းလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သည့် ကလောနာရီစင် စုရပ်ပြုပြီး မင်းလမ်း- အောင်သပြေလမ်း၊ နတ်စင်လမ်း-ပြည်ထောင်စုလမ်းမကြီး- ရုပ်ရှင်ရုံအဆင်းလမ်း၊ဘူတာလမ်းမှ နာရီစင်(မောမြေဦးပန်းခြံမုဒ်ဦး) လမ်းကြောင်းအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့များဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအင်အား (၆၃၀) ဦးခန့် စုပေါင်းလမ်းလျှောက်ခဲ့ပြီး မောမြေဦးပန်းခြံတွင် ကိုယ်လက်လှုပ်ရှားအားကစားသွေးပူလေ့ ကျင့်ခန်းများအား စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)