လှည်းကူး ဒီဇင်ဘာ ၈
ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ အားကစားလ (ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။
လမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက စုရပ်အဖြစ်သတ်မှတ်ထားသော လှည်းကူးမြို့မဈေးခန်းမရှေ့မှစတင်ကာ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။ ထို့နောက်မြို့နယ်အားကစားကွင်း၌ ကျန်းမာရေးအတွက် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ကြပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား ကောက်ညှင်းပေါင်းနှင့်အကြော်များ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)