သတင်းများ

ကန့်ဘလူမြို့၌ ဘက်စုံထူးချွန်ရွေးချယ်ရေး(မြို့နယ်အဆင့်)ရွေးချယ်ပွဲကျင်းပ
Dec 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာဘက်စုံထူးချွန်(လူရည်ချွန်) ကျောင်းသား၊ကျောင်းသူများ ရွေးချယ်ရေးအစီအစဥ် စာမေးပွဲဖြေဆိုစစ်ဆေးခြင်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းမှစတင်ကာ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ
Dec 08,2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။
ပင်းတယ၌ မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် ဆိုးကျိုးများအ​ကြောင်းအသိပညာ​ပေးဟော ပြောပွဲပြုလုပ်
Dec 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးမှုသင်တန်း​ကျောင်းတွင် ယ​​နေ့နံနက်ပိုင်းက ပင်းတယမြို့နယ် ပတ်ဝန်ကျင်ထိန်းသိမ်း​ရေးဦးစီးဌာနမှ “မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် ဆိုးကျိုးများအ​ကြောင်း” အသိပညာ​ပေး​ခြင်းများဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ဆင်းရွှေကြာ(၂) နေကြာမျိုးသန့်ပွားစိုက်ခင်း မျိုးစေ့ချစိုက်ပျိုး
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊‌ ရေလိန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က ဆင်းရွှေကြာ(၂) နေကြာမျိုးသန့်ပွား မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိစာမေးပွဲကျင်းပ
Dec 08,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သံဃာ့ နာယကအဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းကာ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိစာမေးပွဲကို ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ရှိ မင်းကျောင်းသာသနာ့ဗိမာန်တော်၌ ဒီဇင်ဘာလ (၆) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၈)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ စိန်ရတနာ စာသင်တိုက်ကြီး၏ စတုတ္ထအကြိမ်မြောက်  သာသနဝေပုလ္လစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Dec 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ စိန်ရတနာစာသင်တိုက်ကြီး၏ စတုတ္ထအကြိမ်မြောက် သာသနဝေပုလ္လ စာမေးပွဲ၊ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ယာယီမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ အားကစားလ (ပထမပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲ ကျင်းပ
Dec 08,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက်(၆)နာရီအချိန်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ အားကစားလ(ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်၌ လူထုလမ်းလျှောက်ပွဲကျင်းပ
Dec 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (ပထမအပတ်) လူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီက ကျင်းပခဲ့သည်။