နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ဖြင့်ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုနှင့် မဟာမြိုင်တောရ ဘုန်းတော်ကြီးကျောင်းတွင် သန်းရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ဒက္ခိဏ ဒီဇင်ဘာ ၈

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ ကွင်းအမှတ် ၁၈၂၈ တောင်သူ ဦးထွန်းဝေ၏ လယ်ယာမြေတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာထွန်စက် နောက်ဆွဲအစေ့ချကိရိယာဖြင့် နေကြာစိုက်ပျိုးမှု၊ ပိုးသက်ဆေးဖျန်းစက်ဖြင့် ပိုးသက်ဆေးဖျန်းသရုပ်ပြမှု၊ ရိုးဖြတ်စက်ဖြင့် ရိုးဖြတ်သရုပ်ပြမှု၊ မြေဩဇာပက်ဖျန်းစက်ဖြင့် မြေဩဇာပက်ဖျန်း သရုပ်ပြမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် ကြာပင်ကျေးရွာအုပ်စု၊ မဟာမြိုင် တောရဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

စန္ဒာဝင်း (ပြန်/ဆက်)