ဝါးခယ်မမြို့နယ်တွင် ဆင်းရွှေကြာ(၂) နေကြာမျိုးသန့်ပွားစိုက်ခင်း မျိုးစေ့ချစိုက်ပျိုး

ဝါးခယ်မ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊‌ ရေလိန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က ဆင်းရွှေကြာ(၂) နေကြာမျိုးသန့်ပွား မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ရေလိန်‌ကျေးရွာအုပ်စု ရေလိန်ကွင်းအမှတ် ၁၀၁၄ က၊ ဦးပိုင်အမှတ် ၁ဃ/၂ တောင်သူ ဦးခင်မောင်ရီ၏ လယ်မြေ(၃.၀)ဧကတွင် ဆင်းရွှေကြာ(၂)နေကြာမျိုးသန့်ပွားစိုက်ခင်းအား မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)