သတင်းများ

ပလောက်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာ ညွှန်ကြားချက်များအား ယနေ့နံနက်ပိုင်းက စည်ပင်သာယာစျေးကြီးအတွင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ညဏ်စမ်းပြိုင်ပွဲ ပြုလုပ်
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့၊‌ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော
Dec 10,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (သောတပန်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၈) ရက်နေ့က ကာလိမြို့ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။
ကျိုက်ထိုမြို့အ.လ.က (ကော့ဘိန်း) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး  လူငယ်စကားဝိုင်းပြုလုပ်
Dec 10,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကော့ဘိန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်သည့် နေ့သင်တန်း (B.A,B.Sc) ပညာရေးဘွဲ့ပထမနှစ်​ ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်အချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့၌ အမျိုးသားစာပေဆုရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ် - ငြိမ်း) နှင့် ပြည်မြို့နယ်စာရေးအသင်းဝင်များတွေ့ဆုံ၍ သုတ/ရသစာပေဆိုင်ရာနှင့် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ ဆွေးနွေး
Dec 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး၊ Community centre ၌ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက အမျိုးသားစာပေဆုရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ် - ငြိမ်း)နှင့် ပြည်မြို့နယ်စာရေးအသင်းမှ စာရေးဆရာ၊ ဆရာမများတွေ့ဆုံ၍ သုတ/ရသစာပေဆိုင်ရာနှင့် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
မိတ္ထီလာမြို့နယ်တွင် ထရန်စဖော်မာများ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေး   လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်
Dec 10,2024
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ထရန်စဖော်မာများ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။