သတင်းများ

မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ချောင်းခွကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲက ချောင်းခွကျေးရွာ ဒေသခံပြည်သူများနှင့်  တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 15,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက်အထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 15,2024
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက်အထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 15,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ရန်အောင်မြင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများ၊ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက်နိုင်မှုအခြေအနေများ ပတ်သက်၍ သုံးသပ်ဆွေးန
Feb 15,2024
၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများ၊ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းရှင်များ ဈေးကွက်ရရှိမှုအခြေအနေများပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းကို ယမန်နေ့ည ၇ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီး တပေါင်းကွင်းအတွင်းရှိ ကွပ်ကဲရေးရုံး၌  ကျင်းပသည်။
မိုင်းယောင်းမြို့တွင် နဂါးရုံဘုရားတည်ထားပြီးစီးမှု ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ ဝမ်ဇလီကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ပရိဝုဏ်အတွင်း၌ နဂါးရုံဘုရား တည်ထားပြီးစီးမှုအတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ (တတိယအကြိမ်) နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ဒုတိယအကြိမ်) ညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 15,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (တတိယအကြိမ်) နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။