ပင်းတယ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပင်းတယမြို့နယ် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း” အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းခတ္တာမောင်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်းအသိပညာဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား မေးခွန်းများမေးမြန်း၍ အမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကို “မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်” များဖြန့်ဝေပေးခဲ့ပြီးလေထုထဲတွင်ပါဝင်သော Invisible Killer PM2.5 အကြောင်း အသိ ပညာပေး Video Clip ကို ပြသပေးခဲ့ကြောင်းသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)