ခရမ်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (ပထမအပတ်) လူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီက ကျင်းပခဲ့သည်။
လမ်းလျှောက်ပွဲတွင် ခရမ်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း (၁၅၀)ဦးခန့်က စုရပ်အဖြင့် သတ်မှတ်ထားသော ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့မှ စတင်ကာ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ပြီး ခရမ်းမြို့နယ် သကျမာရဇိန်သွန်း ဘုရားကြီးရှေ့ကွင်းပြင်၌ အားကစားနှင့်ကာယပညာဉီးစီးဌာနက ဦးဆောင်၍ Physical Fitness Dance Exercises များကို စုပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရမ်း(ပြန်/ဆက်)