ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

ဥတ္တရ ဒီဇင်ဘာ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်စားပြုအသင်းများဖြစ်ကြသော ရမှတ် ၁၀ မှတ်ရရှိသော ရှမ်းပြည်နယ်အသင်းမှ ရမှတ် ၇၂ မှတ် ရရှိသော ကချင်ပြည်နယ်အသင်းအား အနိုင်ရရှိ၍လည်းကောင်း၊ ရမှတ် ၇၀ မှတ်ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရမှတ် ၆၇ မှတ်ရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အနိုင်ရရှိခဲ့ပြီး အနိုင်ရရှိသည့် အသင်းနှစ်သင်းသည် ဒီဇင်ဘာလ ရက်နေ့ ၈ နာရီအချိန်တွင် ဗိုလ်လုပွဲကို  ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)