ချောင်းဆုံ ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သံဃာ့ နာယကအဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းကာ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိစာမေးပွဲကို ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ရှိ မင်းကျောင်းသာသနာ့ဗိမာန်တော်၌ ဒီဇင်ဘာလ (၆) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၈)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို မြို့နယ်သံဃာ့ နာယကအဖွဲ့(ဥက္ကဋ္ဌ) မရမ်းကျောင်းတိုက်ဆရာတော် ဥူးဝါယမိန္ဒနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့် အဖွဲ့ဝင်များမှ ကြီးမှူးကာ အဘိဓမ္မာအဆင့် ဖြေဆိုသူ(၄)ဦး ၊ ဂုဏ်ထူးဆောင်အဆင့် ဖြေဆိုသူ (၂)ဦးနှင့် ဝိသုဒ္ဓိ မင်္ဂလာအဆင့် ဖြေဆိုသူ(၁)ဦး စုစုပေါင်း (၇) ဦးတို့မှ (၃)ရက်ကြာကျင်းပခဲ့သည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)