ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြမြို့တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ အ.ထ.က (၁) ပညာရတနာခန်းမ၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ Grade - 11 နှင့် Grade - 12 တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ဖြစ်ပြီး Grade - 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲ ရောက်ရှိမည်ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်၊ အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားသိသင့်သိထိုက်သည့် ပြဋ္ဌာန်းချက်များကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။