သတင်းများ

လယ်ဝေးမြို့နယ် MAX Myanmar ဘိလပ်မြေစက်ရုံတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်​
Feb 15,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်နှင့် ပျဥ်းမနားခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လယ်ဝေးမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် MAX MYANMAR Manufacturing Co;Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘိလပ်မြေစက်ရုံတွင်ကျင်းပသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 15,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲတွင် လာရောက်ပါဝင်ဆင်နွှဲသူများဖြင့် အထူးပင်စည်ကား
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ (၆) နာရီအချိန်မှ ည (၁၀) နာရီ အချိန်အထိ ၂၀၂၄-ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် မီးဘေးလုံခြုံစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့နေပြည်သူများ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးလုံခြုံစေရန် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။
ကန့်ဘလူမြို့ အ.ထ.က(၂)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက် (၁၀) နာရီခွဲက အမှတ်( ၂) အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။
အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးသတိရှိရေး စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Feb 14,2024
ပူပြင်းခြောက်သွေးသည့် နွေရာသီကာလ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ မီးအသုံးပြုသူ ပြည်သူများ၊ အစိုးရဌာနများနှင့် အလုပ်ရုံ/စက်ရုံများနှင့် အခြေခံပညာ ကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိပြုမူရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများအား၊ မြို့နယ်တိုင်းတွင် အရှိန်အဟုန်ဖြင့် စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ၊ ယနေ့ နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး၊ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(ထက်၊ လယ်၊ မူ)ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် နှစ်ဆုံးစာပေပွဲ ဒုတိယနေ့၌ ကျောင်းသား/သူ စုစုပေါင်း (၃၅၁၂၉) ဦးဖြေဆို
Feb 14,2024
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(ထက်၊လယ်၊မူ) ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာ၌ ကျောင်းသား/သူ စုစုပေါင်း (၃၅၁၂၉)ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ် ညောင်ပင်သာကျေးရွာတွင် ကပ်ပဲယို (မြေပဲယို) လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ကျေးလက်နေပြည်သူအများစုသည် ကပ်ပဲယို(မြေပဲယို) လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။