သုံးခွ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက်(၆)နာရီအချိန်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ အားကစားလ(ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ အမှတ်(၁)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဇေယျသိဒ္ဓိကျောင်းလမ်း၊ ကန်ပတ်လမ်းမှ၊ မဂ္ဂင်လမ်းထိ စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး အမှတ်(၁) ရပ်ကွက် အစိုးရသောက်သုံးရေကန်ရှေ့တွင် ကိုယ်ကာယ သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဒီဇင်ဘာ(ပထမပတ်)လူထုလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာပါသူ ပြည်သူများ စုစုပေါင်း(၁၀၀)ဦးခန့် တစ်ပျော်တစ်ပါး စုပေါင်းလမ်း လျှောက်ကြကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)