ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကြံခင်း ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လအတွင်း အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Book Club, Women Club အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ‌ဒေါ်ခင်မိုးမြင့်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းပတ်သက်၍ ရှင်းလင်းပြောပြီး၊ Book Club အဖွဲ့ဝင်များဖြစ်ကြသော ဦးအေးမြင့်အောင် (မိုးမြေသစ္စာ)၊ ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်)၊ ဦးသိန်းစိုး၊ ဒေါ်စန်းစန်းအေး၊ ဒေါ်သဇင်၊ ဒေါ်နီနီအေး၊ ဒေါ်စန်းစန်းမြင့်တို့က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ Online အသိပညာပေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံလာစေရန်အတွက်လည်း ကျောင်းဖွင့်ရာသီများတွင် အသိပညာပေးဟောပြောပွဲများအား ယခင်နှစ်များအတိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတို့တွင် လစဉ် Online မှ အသိပညာပေး Talk Show များပြုလုပ်ခြင်း၊ ရုံးချုပ်က လစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ်သိရှိအောင် ကြော်ညာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် လူငယ်များအသိပညာ ဗဟုတကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြည်သူ့စာကြည့်တိုက် Face book page, Telegram တို့မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)