သတင်းများ

ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၁၁၂၄၇ ဧက စိုက်ပျိုးပြီးဖြစ်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းဆန်စပါး ဖူးလုံပိုလျှံရေး ဒေသနှင့်ကိုက်ညီသည့် မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ ဆင်းသုခ၊ ဧရာမင်း၊ GW-11၊ GW-18 စပါးမျိုးများကို အမျိုးသားစီမံကိန်းအဖြစ် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်တွင် ၁၁၂၄၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်း ၆၆၀ ဦးအား ပင်စင်လစာငွေများ ထုတ်ပေးပြီးဖြစ်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီမှ စတင်ထုတ်ပေးလျက်ရှိ‌ရာ ဇူလိုင်လ ၂၃ ရက်နေ့ထိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၆၆၀ ဦး ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲကျင်းပ
Jul 23,2026
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်မှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက အောင်ဆန်းခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီလွင်၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
မတ္တရာမြို့နယ်၌ မတ္တရာဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပြီး ဓာတ်အားလွှတ်အခမ်းအနား ကျင်းပ
Jul 23,2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ မတ္တရာဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပြီး ဓာတ်အားလွှတ်အခမ်းအနားကို ဇူလိုင်လ ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ ဓာတ်အားခွဲရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်‌ရောက်ခဲ့ကြသည်။
မိုင်းပျဉ်းမြို့၌ မူးယစ်ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်တိရစ္ဆာန်များ ဖြန့်ဖြူးပေးအပ်ပွဲ
Jul 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မူးယစ်ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် တိရစ္ဆာန်များဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ယမန် နေ့နက်(၁၀)နာရီက ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ရွာ၊ လားဟူဘုရားကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ်၌ သမဝါယမအသင်းသားများအတွက် မိုးစပါးအသီးနှံအထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်လှစ်
Jul 23,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးသီးနှံအထွက်နှုန်း ရရှိရေး ဆောင်ရွက်မည့် နည်းလမ်းများ ပညာပေးသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်သည်။
နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင် ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာကျွေးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 23,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာကျွေးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့က လေးအိမ်ကျေးရွာတောင်သူ ဦးမောင်ဂျမ်း၏စိုက်ခင်းတွင်ပြုလုပ်ခဲ့သည်။
လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကော်ဖီနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Jul 23,2026
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကော်ဖီနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။