သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်
Dec 23,2025
ထားဝယ်သူနာပြုသင်တန်းကျောင်း၏အပတ်စဉ် (၂၉) သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မီနီမာရသွန်ပြိုင်ပွဲအား ကြည့်ရှုအားပေး
Dec 23,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုအဖြစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ထားဝယ်ဒေသ မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စုရပ်ဖြစ်သော ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Dec 23,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုးသည် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြို့ပင်ကောက်မြို့၌ ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Dec 23,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့က လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးပတ်ဝန်းကျင်နှင့် မီးရထားဘူတာရုံတို့တွင် ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ငါန်းဇွန်မြို့၌ တတိယအကြိမ် မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ
Dec 23,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ငါန်းဇွန်မြို့ပေါ် ရပ်ကွက် (၄) ခုရှိ မဲရုံ (၅) ရုံအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ(တတိယအကြိမ်) ကပ်ထားကြေညာ
Dec 23,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများအား အများပြည်သူကြည့်ရှုနိုင်‌ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းကစ၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။  
လပွတ္တာမြို့နယ်၌ နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကျင်းပ
Dec 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သာလိကာကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Dec 23,2025
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။