ညောင်ဦး ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီခွဲက ဇေယျဝတီရပ်ကွက်ရှိ နေအိမ်များနှင့်အခြေခံကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေး ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ရေအုတ်ကန်များရှိ ရေပမာဏ၊ ရေအုတ် ကန် အလျား၊ အနံ အကျယ်အဝန်းတိုင်းတာ၍ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မိုးဦးကျရာသီတွင်ဖြစ်ပွာလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရေးအတွက် ရပ်ကွက်နှင့်ကျောင်းများအတွင်းရှိ ရေအုတ်ကန်များ၊ ရေလှောင်ကန်များ၊ ကားတာရာအဟောင်းများ၊ မော်တော်ဆိုင်ကယ်တာယာအဟောင်းများအတွင်း ရေဆိုး၊ ရေညစ်များအား သွန်ပစ်ခြင်း၊ ခြင်များပေါက်ပွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း