မှော်ဘီမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
Dec 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်၊ အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် ဒီဇင်ဘာ (၂၈) ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်မဲပေး နိုင်ရေးရည်ရွယ်ကာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းကမှော်ဘီမြို့အမှတ် (၄) လမ်ဆုံရှိ ပြည်သူများ၊ YBS ကားဂိတ်နှင့် သုံးဘီးဂိတ်များ၊ ဈေးများ၊ ဈေးဆိုင်များနှင့် လူစည်ကားရာနေရာများ၌ အများပြည်များ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။