သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၆ ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖလားဇုန်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jul 23,2026
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြို့မအားကစားကွင်းတွင် ယမန်နေ့ ညနေ့က၂၀၂၆ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖလားဇုန် အလိုက်အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 23,2026
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးကြသည်။
မိုင်းပျဉ်းမြို့၌ ကျေးရွာစာကြည့်တိုက် အသစ်ဆောက်လုပ်မှုကိစ္စ ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jul 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ယမ်းခမ်းကျေးရွာစာကြည့်တိုက်အသစ်တည်ဆောက်ရေးကိစ္စ ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ်၌ နွေစပါးခင်းများရိတ်သိမ်းရာ တစ်ဧကပျမ်းမျှ(၈၅-၉၀)တင်းခန့်ထွက်ရှိ
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့်အလျောက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော နွေစပါးသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ် ရွှေကြာအင်းကျးရွာရှိ တောင်သူ ဦးမောင်မြင့်  နွေစပါး စိုက်ခင်းရိတ်သိမ်းနေပြီ ဖြစ်သည်။
မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးဆိုင်များ ဘေးအန္တာရာယ်ရှိသော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးဆိုင်များ ဘေးအန္တာရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် (ပထမအကြိမ်) KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရ ကျွေးမွေး
Jul 23,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်း​နေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ(ပထမအကြိမ်) KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပေါ်အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။
ကျောက်ဆည်မြို့နယ် မုံ့ပေါင်းကျေးရွာ၌ နေ့စဉ်ဝင်ငွေရရှိရေး ခရမ်းပင်များ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်များ၊ မြောင်းများ ပေါများသည့်အတွက် တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရပြီး မုံ့ပေါင်းကျေးရွာမှ တောင်သူ ဦးစိုးဝင်းသည် နေ့ဝင်ငွေရရှိရေး ခရမ်းပင်များစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့၌ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 23,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် နတ်မောက်မြို့ ပြည်သူ့စာကြည့်တိုက်သို့လာရောက် မငှားရမ်းနိုင်သည့်ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် သုတ၊ရသစာအုပ်စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။