တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်းနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

တွံတေး ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းနှင့် အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က တွံတေးကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ နှစ်ခြင်းခရစ်ယာန်ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ဖုန်းမြတ်တို့က အမှာစကားများပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တွံတေးမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောခင်ဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ထို့နောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် တက်ရောက်လာကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းသိရသည်။ ယင်းနောက် အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်ခြင်း၊ စစ်တမ်းကောက်ယူခြင်းကို တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ (၂၀) ဦး တက်ရောက်ကာ သင်တန်းမှာတစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးနေဝင်းနှင့် ဒေါ်စုစုမင်း တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တွံတေးမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသူများ၊ ဒေသခံပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်