ကံမ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ နွေစပါး စိုက်ပျိုးဧက လျာထားချက်ပြည့်မီစွာ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၄) နာရီက အုတ်ရှစ်ချိုကျေးရွာအုပ်စု၊ ခြောက်ထောင့်ကျေးရွာအနီး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန ခြောက်ထောင့်ဆိုလာ လျှပ်စစ်ရေတင်စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် နွေစပါးစိုက်ပျိုးမည့် လယ်ကွင်းများအား စိုက်ပျိုးရေပေးဝေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရေး၊ နွေစပါး လျာထားချက် ပြည့်မီစွာ အချိန်မီ စိုက်ပျိုးနိုင်ရေး၊ စိုက်စနစ် မှန်ကန်ရေး၊ သက်တမ်းတို အထွက်ကောင်း ဆာဖိုးသာမျိုးစပါး အသုံးပြုစိုက်ပျိုးရေး၊ တစ်ဧက တင်း (၁၅၀) ထွက်ရှိရေးအတွက် လိုက်နာကျင့်သုံးရမည့် နည်းပညာများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြပြီး နွေစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ကံမမြို့နယ်တွင် ယခုနှစ် နွေစပါး စိုက်ပျိုးရာသီ၌ မဒေးဆည်ရေသောက် ဧရိယာအတွင်း (၁၇၂၇) ဧကနှင့် ခြောက်ထောင့် ဆိုလာလျှပ်စစ်ရေတင် ဧရိယာအတွင်း (၁၅၅)ဧက စုစုပေါင်း နွေစပါး စိုက်ပျိုးဧက (၁၈၈၂)ဧက လျာထားပြီး လျားထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)