မြို့သစ် မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ်မှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သ တင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်၊ မြို့မဈေး/မြို့သစ် - တောင်တွင်းကြီးကားလမ်းနှင့် နေပြည်တော်-မြို့သစ်-ကံပြား မော်တော်ကားလမ်းဆုံတွင် ဈေးသွား၊ဈေးလာများ၊ ခရီးသွား ပြည်သူများနှင့်ဒေသခံများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး ပူးပါင်းကူညီပံ့ပိုးကြရန် နှိုးဆော်ခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရသော အကြောင်းအရင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။
ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို မှန်ကန်စွာ သိရှိစေရန်နှင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမရှိစေရေးကို ရည်ရွယ်ပြီး လူစည်ကားရာ နေရာတို့တွင် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)