သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ်၌ အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား တက်ရောက်
Mar 24,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်‌ရွှေထီးတော်သစ်တို့၌ ကပ်လှူပူဇော်မည့် ရွှေဆိုင်းများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မိုင်းဆတ်မြို့နယ် သဗ္ဗညုကျောင်းတိုက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ
Mar 24,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် သဗ္ဗညုကျောင်းတိုက်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ မင်္ဂလာစုမ့်မိန်း စေတီတော်မြတ်ကြီးအား သတ္တဌာနအလယ်ဌာပနာသွင်းလှူပူဇော်ပွဲကျင်းပ
Mar 24,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ၌ မိုင်းဖုန်းဆရာတော်အားအမှူးပြု တည်ထားကိုးကွယ်တော်မူအပ်သော မင်္ဂလာစုမ့်မိန်းစေတီတော်မြတ်ကြီးအား သတ္တဌာနအလယ်ဌာပနာသွင်းလှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ကျင်းပရာ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူးဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် ဇနီး၊ တပ်မဟာမိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ စေတီကုသိုလ်အလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများတက်ရောက်ကြည်ညိုကြသည်။
မိုးကုတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
Mar 24,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၄) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ရွှေကြက်ယက်စေတီတော်မြတ်ကြီး ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ
Mar 24,2024
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျိုက်ဖနဲနယ်မြေ ရွှေကြက်ယက် စေတီတော်မြတ်ကြီး ရွှေထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း
Mar 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီးတွင် မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား  ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့‌သည်။
ကျောက်မဲမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 24,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲမြို့နယ်၊ ချမ်းသာရတောင်တော်ရှိ စိန္တာမုနိစေတီရင်ပြင်ပေါ်တွင် (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ဆိုလာ (Controller) အပူလွန်ကဲ၍ နေအိမ်အမိုးကို မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွား
Mar 24,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေပါလန်း (ပလောင်ရွာ)တွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ဆိုလာ(Controller)အပူလွန်ကဲကာ နေအိမ်အမိုး သက်ကယ်သို့ မီးကူးစက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။