သတင်းများ

ခန္တီးမြို့နယ်၌ စာပေချစ်မြတ်နိုးသူ(Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လေးများဖြစ်ပေါ်လာစေရန်၊ အတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝ လာစေရန်နှင့် အသင်းအဖွဲ့များနှင့်ပေါင်းသင်း ဆက်ဆံရေးကဏ္ဍများတွင် ထူးချွန်ထက်မြက်သည့် လူငယ်လေးများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ(Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးကို ယမန်နေ့က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ လူငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Mar 10,2024
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Computer သင်တန်းသားများစုပေါင်း၍ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပါရဂူ) ရေးသားသည့် ကလေးကိုချစ်ရင် မခြောက်ပါနဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း ကုသိုလ်ဒါနအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားသို့ တက်‌ရောက်
Mar 10,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား ယမန်နေ့ မွန်းလွဲ (၁) နာရီက WILKES MYANMAR Co.LTD (ခေါင်းအုံးစွပ်၊ မှို့ယာ) စက်ရုံဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှုစစ်ဆေး
Mar 10,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Mar 10,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးဆောင်ပြီး (ထွေ/ အုပ်ဌာန၊ ဘေး/ စီမံဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ရွှေမြင့်မိုရ်ပရဟိတအသင်း) တို့မှပူးပေါင်းကာ မတ်လ(၈)ရက်နေ့ မွန်းလွဲ (၃) နာရီက ကွမ်သဲကျေးရွာ၊ရပ်ကွက် (၄) တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Mar 10,2024
တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အောင်ချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် ၉နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်၌ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဒုတိယအကြိမ်ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 10,2024
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ တီးတိန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဆိုင်းဇန်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းပြီးစီးမှုများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ကျေးလက်အင်ဂျင်နီယာ(၄) ဒေါ်နွမ်းလျန်းဝုန်နှင့်အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။