သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

သံဖြူဇရပ် မတ် ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပရဟိတအဖွဲ့ဝင်များမှ အထပ်မြင့်တွင် မီးလောင်မှု ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျုံကဒတ်ကျေးရွာ လူမှုကူညီရေးအဖွဲ့ နာယကဆရာတော်၊ မြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)