ကျိုက်ထို မတ် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဈေး၌ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရုတ်တရက်မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့် မီးသတ်ဆေးဘူး၊ ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ်အသုံးပြုနည်းတို့ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ ပဒုမ္မာလူမှုကူညီရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)