ဟုမ္မလင်း မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဆောင်းမြေပဲအထွက်နှုန်းတိုး ကုန်ကျစရိတ်သက်သာသည့် ယူရီးယားနှင့် လက်ချားသုံးစွဲ နည်းပညာ ပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၇) နာရီက ဟုမ္မလင်းရပ်ကွက်၊ ချင်းတွင်းမြစ် ကမ်းဘေးမြေပဲစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာအခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမိုးမင်းက ဆောင်းမြေပဲတွင်ယူရီးယားနှင့် လက်ချားအသုံးပြုနည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယလက်ထောက်ဦးစီးမှူး ဦးအောင်လင်း မောင်ကမြေပဲတစ်ဧက အထွက်နှုန်း တိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး တောင်သူများက သိလိုသည်များကို ဆွေးနွေးမေးမြန်း ခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူ များအား ရွက်ဖျန်းအားဆေးနှင့် တောင်သူအသိပညာပေး လက်ကမ်းစာစောင်များအား ထောက်ပံ့ ဖြန်ဝေပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဌာနမှ မြို့နယ်နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)