သံဖြူဇရပ် မတ် ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု သတင်းမှားများနှင့် မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက် ပြောဆိုခြင်းများ ပြုလုပ်ပါက တည်ဆဲ ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံ့ခိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦးက ရပ်ကွက်နေ ပြည်သူများအနေဖြင့် အွန်လိုင်းမီဒီယာများပေါ်၌ သတင်းတု သတင်းမှား ထုတ်ပြန်မှုများရှိသဖြင့် သေချာစိစစ်၍ အမှား/အမှန် ခွဲခြားသုံးသပ်ကြရန် လိုအပ်ကြောင်း၊ သတင်းအမှားများအား လိုက်လံဆောင်ရွက်ပါက တရားဥပဒေနှင့်အညီ အရေးယူ ခံရနိုင်ဖွယ်များ ရှိသည့်အတွက် ပြည်သူများအနေဖြင့် ဂရုပြု၍ လိုက်နာဆောင်ရွက်ရန်တို့ကို အကျယ်တစ်ဝင့် ပြောကြားခဲ့သည်။
ထိုသို့ သတင်းတု၊ သတင်းမှား ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို သံဖြူဇရပ်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများတွင် တစ်ပတ်လျှင် (၃) ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)