အုတ်တွင်းမြို့နယ်၌ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

အုတ်တွင်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စျေးရပ်ကွက်ရှိမိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်အေးအေးမော်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ်လ ၇ ရက်မှ ၈ ရက်အထိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှပူးပေါင်းပါဝင်ကူညီပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)