သတင်းများ

ဇီးကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်စစ်ဆေးမှုများဆောင်ရွက်
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ ပန်းချီ၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Mar 08,2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယ​နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မတ်လ ၁၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကျင်းပမည်ဖြစ်ရာ ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အခြေခံပညာစာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက အ.ထ.က(၁)မုဒုံ၊ အ.ထ.က (ကမာဝက်) စာသင်ကျောင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
မြစ်ကြီးနားမြို့၌ လယ်ယာကဏ္ဍ စာရင်းအင်းအရည်အသွေးပြည့်ဝမှန်ကန်စေရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Mar 08,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကကြီးမှူး၍ လယ်ယာကဏ္ဍ စာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၇ ရက်ကစတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မုံရွာမြို့တွင်နေကြာနှင့် ချည်မျှင်ရှည်ဝါ သီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းဖွင့်လှစ်
Mar 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးပြီး နေကြာနှင့် ချည်မျှင်ရှည်ဝါ သီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ဓါတ်ခွဲခန်းရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအေးချမ်းစွာဖြေ ဆိုနိုင်ရန် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြေဆိုနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်ညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး (အခမဲ့) ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့)အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 08,2024
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ (အခမဲ့)ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့) အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ မတ်လ ၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မြောင်းမြမြို့၌ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းခင်းပြီးသည့်အတွက် ပြည်သူများသွားလာရေးအဆင်ပြေလျက်ရှိ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ပြင်ရွာကျေးရွာအုပ်စုရှိ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းခင်းပြီးသည့်အတွက် ပြည်သူများသွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။