တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေး စစ်ဆေး

ရေကြည်  မတ်    ၈

၂၀၂၄ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် ကျုံပျော်ခရိုင်ရေကြည်မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ မတ် လ(၇)ရက် နံနက် (၁၀)နာရီခွဲအချိန်က တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အ‌ပညာရေးဦးစီးဌာန ၊  မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး  ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်   စာစစ်ဌာန (၉)ခုရှိအခြေခံပညာအထက်တန်းကျောင်း  အခြေခံပညာ အထက်တန်းကျောင်းခွဲ စာစစ်ဌာနတို့တွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီး ကြိုးများ သွယ်တန်းမှု၊ မီးသတ်ဆေးဗူးထားရှိမှုနှင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။

ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၉) ခု ဖွင့်လှစ်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)