သတင်းများ

ပဲခူးတိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည် နွေစပါးမြေသြဇာကြဲပက်ပွဲနှင့် ပြည်စုံအောင်မြင်ဆန်စက်အား ကြည့်ရှုအားပေး
Mar 27,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၈ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန် ကျေးရွာ၌ ပြုလုပ်သော ၂၀၂၄ ခုနှစ်၊နွေစပါး​မြေသြဇာကြဲပက်ပွဲကိုတက်ရောက်ကြည့်ရှု အားပေးကြသည်။
တွံတေးမြို့နယ်တွင်၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ ကျင်းပ
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၃နာရီ မိနစ်၃၀အချိန်က အုန်းပင်စုရပ်ကွက် ၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန(ခ)အဆင့် အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ကြိမ်၊ ဝါးအ​ခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ
Mar 27,2024
ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား​ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေး​အေဂျင်စီ (MSME Agency)က ကြီးမှူး၍ ​ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ တိုင်း​ဒေသကြီးအတွင်း ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​လာစေ​ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ​ဖြစ်ထွန်း​ပေါ်​ပေါက် လာစေရန်ရည်ရွယ်၍  ယမန်နေ့က ကြိမ်၊ ဝါးအ​ခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။   
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 27,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မကွေးမြို့နယ် ညောင်ပင်ကျေးရွာ၊  အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ  အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သနပ်ပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ ဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြာပွဲကို ယမန်‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ ဦးဆောင်မှုဖြင့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အားဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကင်းမြို့နယ် အမှတ် (၁၄)ရပ်ကွက် မိုးကောင်းဆုတောင်းပြည့်စေတီ တော်ဂေါပကအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့တွင် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။
အင်္ဂလိပ်စာ Primary Grammar နှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်းသင်တန်းတွင် သင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
Mar 27,2024
မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထ‌နှောင်းရင်ခွင်စာပေဝိုင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ Primary Grammarနှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံ သဘောတရားသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအား မကွေးခရိုင်  လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ အခမဲ့သင်ကြားပေးလျက်ရှိရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနံပိုင်းက စာရေးကိရိယာများ လာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။