မိုင်းယောင်းမြို့တွင် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယောင်း မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာဆရာ မျိုးမြတ်မြတ်မြင့်မောင်၏ဆက်၍ချီပါ တပ်မတော်ကဗျာ၊အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး အဆိုအမိန့်၊ ကဗျာ၊ ဆောင်ပုဒ်နှင့် ဓာတ်ပုံများကို ဝေဝေဆာဆာ ဖော်ပြထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)