ရန်ကင်း မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ ဦးဆောင်မှုဖြင့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အားဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကင်းမြို့နယ် အမှတ် (၁၄)ရပ်ကွက် မိုးကောင်းဆုတောင်းပြည့်စေတီ တော်ဂေါပကအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃာ့နာယကဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်ငါးပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဂေါပကဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထူအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်မြို့နယ်သံဃာ့နာယကဆရာတော်ဘုရားထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာသော ဧည့်ပရိသတ်များကလှူဖွယ်ဝတ္ထူ အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
လှလှထွေး