သနပ်ပင် မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြာပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ ခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးအောင်ကြည်တို့မှ သနပ်ပင် မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စုများမှ အုပ်ချူပ်ရေးမှူးများ ရပ်မိရပ်ဖများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားသော အသက်အရွယ်ရှိ လူငယ်လူရွယ်များအား တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး စိုးရိမ် ထိန့်လန့်မှုများမရှိစေရေး၊ လတ်တလော ဖြစ်ပေါ်နေသည့် ကောာဟလများအပေါ် ယုံမှားသံသယများ မဖြစ်ပေါ်စေရေးနှင့် ဥပဒေနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများအား ရပ်ကွက်ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လူငယ်လူရွယ်များ ဦးခန့်(၂၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ပြည်သူ့စစ်မှူထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)