ခန္တီးမြို့နယ်၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဝန်ထမ်းတိုင်း ပြီးပြည့်စုံသည့် ရုံးစာတစ် စောင်ရေးသားတတ်စေရန်နှင့် ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာပြီး ဌာနလုပ်ငန်း များဆောင်ရွက်ရာတွင် လွယ်လင့်တကူဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်း သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။