တွံတေးမြို့နယ်တွင်၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ ကျင်းပ

တွံတေး မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၃နာရီ မိနစ်၃၀အချိန်က အုန်းပင်စုရပ်ကွက် ၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန(ခ)အဆင့် အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကာယ/ပညာ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက နွေရာသီကျောင်းပိတ်ရက်မှ ဖွင့်လှစ်ခဲ့သော အခြေခံအားကစား သင်တန်းများကို

သင်တန်းအစမှအဆုံး ပြီးဆုံးအောင် တက်ရောက်သင်ကြားခဲ့သည့်အတွက် ကျေးဇူးအထူးတင်ကာ မိမိတို့သင်ယူထားသော အားကစားပညာရပ်များကို ရပ်မထားဘဲ ဆက်လက်လေ့ကျင့်ကြရန်လိုကြောင်း၊ အခြေခံမှသည် မွမ်မံသင်တန်းများ တက်ရောက်ကြပြီး တွံတေးမြို့နယ်တွင် မျိုးဆက်သစ် အားကစားသမာကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေး၊ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနည်းအလိုက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ တက်ရောက်လာသော အားကစားနည်းပြများ၊ အားကစားသမားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး နွေရာသီအားကစားသင်တန်းကို  ရက်(၃၀)ကြာ ဖွင့်လှစ်သင်ကြားပို့ချပေး

ခဲ့ကြာင်းသိရသည်။ အဆိုပါ သင်တန်းသို့ သင်တန်းဆင်းသည့်အထိ လာရောက်သင်ကြားသူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၉) ဦးရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဦးမျိုးလှိုင်(ပြန်/ဆက်)