သတင်းများ

လယ်ဝေးမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်
Mar 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရွှေစက်တော်ဘုရားပွဲအပြန် အညာဒေသ၏ လက်ဆောင်ကောင်းတစ်ခုအဖြစ် ဝယ်ယူနိုင်သည့် မြန်မာ့သနပ်ခါး
Mar 28,2024
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတစ်ခွင်သည် သနပ်ခါးအများအပြား စိုက်ပျိုးရာဒေသဖြစ်သောကြောင့် အောက်ပြည်အောက်ရွာဒေသများထက် ဝယ်ခြမ်းရသည်မှာ ဈေးသက်သာသကဲ့သို့ ရွှေဘိုဒေသထွက် ရှင်မတောင်သနပ်ခါးများကို လက်ဆောင်အဖြစ် ဝယ်ပေးပါက အင်မတန်မှ တင့်တယ်လှသည်။ ရှင်မတောင်သနပ်ခါးသည် အပွေးထူပြီးအကွက်ကျဲကာ သက်တမ်းရင့်သနပ်ခါးဖြစ်ပါက သင်းပျံ့ပြီး မွေးကြိုင်လှသကဲ့သို့ သနပ်ခါးလိမ်းထားသူ၏ မျက်နှာကိုလည်း ကြည်လင်၍ အေးမြစေပါသည်။
လင်းခေးမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Mar 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်အဆင့်မှ တာဝန်ရှိသူများသည် လင်းခေးမြို့နယ်၊ ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေကျေးရွာတွင် (၁၆.၃.၂၀၂၄)ရက်နေ့က မီးလောင်ဆုံးရှုံးသွားခဲ့သည့် အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၉)ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများအား ယမန်နေ့က သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြန်အောင်မြို့တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် လမ်းဖွင့်ပွဲနှင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲကျင်းပ
Mar 28,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် လမ်းဖွင့်ပွဲနှင့် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် တောင်ရိုးဒေသတွင် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ကြသည်။
ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူများအကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁) နာရီတွင် ယင်းမလွတ်ကျေးရွာအုပ်စု ယင်းမလွတ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့တွင် အများပြည်သူ (ရုံးပိတ်ရက်) ၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကား
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ တပ်မတော်နေ့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်ထန်းစွာ ကြွေကျခြင်းကြောင့် နေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွား
Mar 28,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း မတ်လ (၂၆) ရက် ည (၁၁) နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်းထန်စွာ ကြွေကျခြင်းကြောင့် လူနေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center) တွင် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတ ပြည့်စုံစေရေးအတွက် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)ခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။