မန္တလေးမြို့(၂၀၂၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 27,2024
မန္တလေးမြို့တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ(၂၆)ရက် မွန်းလွဲပိုင်းကကျင်းပရာ မန္တလေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးအသင်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင် များအသင်း၊ ပုဂ္ဂလိကဆေးရုံအသင်း၊ ကိုယ်ပိုင်ကျောင်းများအသင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။